နေတိုးအဖွဲ့အကြီးအကဲ ယွန်းစတိုလ်တန်းဘာ့ဂ်က လက်ရှိလုံခြုံရေး အခြေအနေတွေနဲ့ လိုက်လျောညီထွေ ဖြစ် အောင် မဟာမိတ်အဖွဲ့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အလေးပေးဖော်ပြလိုက်ပြီး ရုရှားရဲ့ နျူကလီးယားအရေး နောက်ဆုံး အပြောအဆိုနဲ့ စစ်ရေးလေ့ကျင့်မှုတွေကို သတိပြုဖို့ မှတ်ချက်ပြု ပြောကြားလိုက်ပါတယ်။

ဘရပ်ဆဲလ် မှာ နှစ်ရက်ကြာပြုလုပ်မယ့် နေတိုးကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး မတိုင်ခင် သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ နေတိုးရဲ့ နျူကလီးယားစီမံကိန်းအဖွဲ့ကို စုစည်းသွားမှာဖြစ်ပြီး နျူလက်နက်တွေက နေတိုးရဲ့ လုံခြုံရေး အာမခံချက်နဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ နည်းလမ်းလို့ ပြောဆိုခဲ့ပါတယ်။

နယ်သာလန်ဟာ F-35 တိုက်လေယာဉ်တွေကို နျူလက်နက်သယ်ဆောင်ဖို့ အသင့်ရှိတယ်လို့ ဇွန်လထဲမှာ ကြေညာခဲ့ပြီး အမေရိကန်က လည်း သူ့ရဲ့ နျူကလီးယားလက်နက်တွေကို ဥရောပမှာ ခေတ်မီအောင်လုပ်ဆောင်နေတယ်လို့ စတိုလ်တန်းဘာ့ဂ် က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်တွေနဲ့ လတွေအတွင်းမှာ ရုရှားဘက်က အန္တရာယ်ရှိတဲ့ နျူကလီးယားအရေး ပြောဆို မှုကို မြင်ခဲ့ကြားခဲ့ရပြီး ပိုများလာတဲ့ စစ်ရေးလေ့ကျင့်မှုတွေနဲ့ နျူကလီးယား လေ့ကျင့်မှုတွေလည်း တွေ့ရတယ်လို့ ပြောပါတယ်။
ဘီလာရုစ်တပ်တွေနဲ့အတူ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေ ဖြန့်ကြက်ဖို့အတွက် ရုရှားတပ်ဖွဲ့တွေဟာ ဒုတိယအဆင့် စစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့တယ်လို့ မော်စကိုက အင်္ဂါနေ့မှာ ပြောကြားခဲ့ ပါတယ်။