နိုင်ငံအတွက် ပညာရှင်များစွာ လိုအပ်နေဆဲဖြစ်တာကြောင့် အသိပညာရှင်၊အတတ်ပညာရှင် လူသားအရင်းအမြစ် တွေ မွေးထုတ်ပေးနိုင်ရေး နိုင်ငံတော်က စီမံဆောင်ရွက်နေတယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။ ဇန်နဝါရီ ၉ ရက်က နေပြည်တော်ရှိ MICC 2 မှာကျင်းပတဲ့ ပညာရေး ဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ ဖွင့်ပွဲအခမ်းအနားမှာ အခုလို ပြောကြားလိုက်တာပါ။

အသိပညာ၊ အတတ်ပညာပြည့်စုံတဲ့၊ စဉ်းစားတွေးခေါ်မှုမြင့်မားတဲ့ နိုင်ငံသားတွေ ပေါများရေးကို ဦးတည်ကြိုးပမ်း နေတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် သုတသနနဲ့ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍဟာ ဆက်စပ်နေတာကြောင့် နိုင်ငံတော် အစိုးရအနေနဲ့ သုတေသနလုပ်ငန်းတွေကို အထူးအားပေးသွားရမှာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

အခုကျင်းပတဲ့ညီလာခံမှာ ဆရာအတတ်ပညာကဏ္ဍ၊ ဝိဇ္ဇာနဲ့သိပ္ပံကဏ္ဍ၊ သမုဒ္ဒရာနဲ့ကမ္ဘာမြေသိပ္ပံကဏ္ဍ၊ MSME နဲ့ TVET ကဏ္ဍ၊ Natural Language Processing-NLP ကဏ္ဍ၊ AI Technology ကဏ္ဍ စတဲ့ ကဏ္ဍကြီး ၅ ရပ်မှာ စာတမ်းပေါင်း ၁၀၀ကျော် ဖတ်ကြားတင်သွင်းဆွေးနွေးသွားမှာဖြစ်ပြီး ပြည်တွင်းပြည်ပက ပညာရပ်ဆိုင်ရာ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်ကြီးတွေနဲ့ သုတေသနပညာရှင်ကြီးတွေက Keynote Speech တွေနဲ့ ပညာ ဗဟု သုတတွေ မျှဝေပေးကြမှာဖြစ်တယ်လို့ သိရပါတယ်။