ညီညွတ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ နဲ့ လူမှုစီးပွားမြှင့်တင်ရေး ပါတီတွေရဲ့ နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်အပေါ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေတွေနဲ့ ညီညွတ်ကြောင်း စိစစ် တွေ့ရှိတဲ့အတွက် ဩဂုတ် ၂၆ ရက်က ခွင့်ပြုလိုက်တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။
ပါတီတည်ထောင်ခွင့်ရရှိတဲ့ ညီညွတ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ လူမှုစီးပွားမြှင့်တင်ရေး ပါတီတို့ဟာ ခွင့်ပြုချက်ရရှိတဲ့နေ့ကစပြီး ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နဲ့အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်လျှောက်ထားရမှာ ဖြစ်တယ်လို့ ကြေညာချက်အရ သိရပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံရေးပါတီတည်ထောင်လိုသူတွေအနေနဲ့ ပါတီတည်ထောင်ခွင့် လျှောက်ထားကြရာ လက်ရှိအချိန်ထိ ပါတီတည်ထောင်ခွင့်လျှောက်ထားတဲ့ အဖွဲ့ ၁၇ ဖွဲ့ရှိပြီး အဲ့ဒီထဲကနေ ၁၄ ပါတီကို တည်ထောင်ခွင့်ပြုပြီး ဖြစ်တယ်လို့လည်း သိရပါတယ်၊၊