လူ့ဘောင်သစ်ပါတီနဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွေရဲ့ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ စိစစ်ပြန်ကြားချက်အရ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထား ချက်ကို ငြင်းပယ်လိုက်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဩဂုတ်လ ၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်တွေနဲ့ ညီညွတ်ခြင်းမရှိတဲ့အတွက် လူ့ဘောင်သစ်ပါတီနဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွေကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေပါ ပုံစံ(ဆ)နဲ့ ငြင်းပယ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်၊၊

ပါတီဆက်လက်တည်ထောင်မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ ကျန်အဖွဲ့တွေကိုလည်း စိစစ်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ လက်ရှိအချိန်အထိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်အရ မှတ်ပုံတင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီအရေအတွက်ဟာ ပါတီ(၅၀)ရှိပြီဖြစ်တယ်လို့သိရပါတယ်။