ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ပေးဖို့ လျှောက်ထားလာတယ်လို့ စက်တင်ဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
ပါတီတည်ထောင်ခွင့်ရရှိခဲ့တဲ့ ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီဟာ ပါတီတည်ထောင်ခွင့်ပြုချက်ရရှိတဲ့နေ့ကစပြီး ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နဲ့အညီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်လျှောက်ထားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်၊၊
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံရေးပါတီတည်ထောင်လိုသူတွေအနေနဲ့ ပါတီတည်ထောင်ခွင့်လျှောက်ထားကြရာလက်ရှိအချိန်ထိ ပါတီတည်ထောင်ခွင့်လျှောက်ထားတဲ့အဖွဲ့ ၁၇ ဖွဲ့ရှိပြီး အဲဒီထဲကနေ ၁၄ ပါတီကို တည်ထောင်ခွင့်ပြုပြီးဖြစ်တယ်လို့သိရပါတယ်၊၊
လက်ရှိမှာတော့ မှတ်ပုံတင်ခွင့်ပြုဖို့လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၁၃ ပါတီထဲက ပါတီ ၁၁ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ကျန်တဲ့ပါတီတွေကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်နေတယ်လို့သိရပါတယ်၊၊