မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၁၅ ရက်နေ့က ကြေညာပါတယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေတွေအရ နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ပြုဖို့ တင်ပြလျှောက်ထားလာတဲ့အစုအဖွဲ့တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ခွင့်ပြုပေးနေရာ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ နဲ့အညီ မှတ်ပုံတင်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီရဲ့ မှတ်ပုံတင်အမှတ်က (၅၀) ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိအချိန်ထိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်အရ မှတ်ပုံတင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီ အရေအတွက် (၅၀) ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။