ထိုင်းနိုင်ငံမှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ ဆဋ္ဌမအကြိမ်မြောက် BIMSTEC အစည်းအဝေးကို တက်ရောက်ဖို့ ရောက်ရှိနေတဲ့ နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဧပြီလ ၃ ရက် ညပိုင်းက BIMSTEC အလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံဝန်ကြီးချုပ် Paetongtarm Shinawatra က တည်ခင်းဧည့်ခံတဲ့ ကြိုဆို ဂုဏ်ပြုညစာစားပွဲကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်၊၊

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ BIMSTEC အဖွဲ့ဝင်နိုင်ငံတွေက ဝန်ကြီးချုပ်တွေကို BIMSTEC အလှည့်ကျ ဥက္ကဋ္ဌ ထိုင်းနိုင်ငံဝန်ကြီးချုပ်က အရင်ဆုံး ကြိုဆိုနှုတ်ဆက်ခဲ့ပြီးနောက် ထိုင်းနိုင်ငံဝန်ကြီးချုပ်နဲ့ BIMSTEC အဖွဲ့ဝင် နိုင်ငံတွေက နိုင်ငံခေါင်းဆောင်တွေဟာ ကြိုဆိုဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ခဲ့ကြပါတယ်၊၊

အဲဒီ ဂုဏ်ပြုညစာစားပွဲကို BIMSTEC အဖွဲ့ဝင်နိုင်ငံအကြီးအကဲတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြံပေးပုဂ္ဂိုလ်ချုပ်၊ ဘူတန်နိုင်ငံဝန်ကြီးချုပ်၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်၊ နီပေါနိုင်ငံဝန်ကြီးချုပ်၊ သီရိလင်္ကာနိုင်ငံဝန်ကြီးချုပ်နဲ့ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံတွေက ကိုယ်စားလှယ်အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်၊၊