နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်ကို ကျန်းမာရေးအရ တာဝန်ကနေ အနားယူခွင့် ပြုလိုက်တယ်လို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ဇန်နဝါရီ ၈ ရက်မှာ အမိန့်ထုတ်ပြန်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဦးစိုင်းလုံးဆိုင်ကို အနားယူခွင့် ပြုလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဦးစိုင်းလုံးဆိုင်ဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီဗဟိုအကြံပေးအဖွဲ့ အဖွဲ့ဝင်အဖြစ် ပြောင်းလဲ တာဝန် ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဦးစိုင်းလုံးဆိုင်ဟာ ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။