လက်ရှိ ဓာတ်အားလျော့နည်းဖြန့်ဖြူးပေးနိုင်မှုအပေါ် နားလည်ခွင့်လွှတ်ပေးဖို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဇန်နဝါရီ ၆ ရက်စွဲနဲ့ ပန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။ဓာတ်အားလိုင်းတွေ ဖျက်ဆီးခံရတာ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေက လျှပ်စစ်ဓာတ်မား ထုတ်လုပ်ပေးနိုင်မှုမှာ လျော့နည်းနေတာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ရာဂီမုန်တိုင်း သက်ရောက်မှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားတဲ့အတွက် အထက်ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဓာတ်အား ပိတ် ထိန်းသိမ်းပြုပြင်မှုတွေ ဆောင်ရွက်နေရတာကြောင့် ဓာတ်အားထုတ်လုပ်မှုတွေ လျော့နည်းနေရတာ ဖြစ် တယ်လို့ ဆိုပါတယ်။
ဓာတ်အားထုတ်လုပ်မှုလျော့နည်းနေတဲ့အတွက် အခုကာလမှာ တစ်ရက်ပျမ်းမျှ ၂၂၀၀ မဂ္ဂါဝပ်လောက်သာ ထုတ်လုပ်နိုင်ပြီး ထုတ်လုပ်နိုင်မှုရဲ့ ပျမ်းမျှ ၅၀ ရာခိုင်နှုန်းလောက်သာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီးကို ၄၈ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးကို ၁၇ ရာခိုင်နှုန်း နဲ့ ကျန်တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေကို ၃၅ ရာခိုင်နှုန်း အချိုးကျ ဓာတ်အားခွဲဝေပေးနေရတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အချိုးကျ ဓာတ်အားခွဲဝေပေးမှုအရ ရန်ကုန်တိုင်းဒေသကြီးမှာ အုပ်စု ၃ စုခွဲပြီး တစ်အုပ်စုကို ၄ နာရီပေး ၈ နာရီပိတ် အလှည့်ကျအစီအစဉ်နဲ့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးမှာ အုပ်စု ၄ စုခွဲပြီး ၃ နာရီပေး ၉ နာရီပိတ်အလှည့် ကျ နဲ့ အုပ်စု ၄ စုခွဲပြီး ၄ နာရီပေး ၁၂ နာရီပိတ် အလှည့်ကျအစီအစဉ်နဲ့ လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ (နေ ပြည်တော်)မှာတော့ အများပြည်သူတွေအတွက် တစ်ရက်ပျမ်းမျှ ၁၆ နာရီပေး ၈ နာရီပိတ်၊ ဝန်ထမ်းအိမ်ရာတွေကို ၁၈ နာရီပေး ၄ နာရီပိတ် အစီအစဉ်တွေ နဲ့ ဓာတ်အားဖြန့်ဖြူးပေးနေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ကျန်တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေမှာတော့ အုပ်စုတွေခွဲပြီး တစ်အုပ်စုကို ၆ နာရီအလှည့်ကျ အစီအစဉ်နဲ့ ဓာတ် အားဖြန့်ဖြူးပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဓာတ်အားပို့လွှတ်နေတဲ့ ဓာတ်အားလိုင်းတိုင်ပေါင်း ၁၇၁ တိုင်၊ ဓာတ်အားလိုင်း ကြိုးနေရာ ၁၃၁ နေရာကို အကြိမ် ကြိမ်ဖျက်ဆီးခံရတာတွေ ရှိတဲ့အတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ အကြိမ်ကြိမ် သွားရောက်ပြီး ပြုပြင်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရသလို ပြုပြင်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်စဉ်မှာလည်း Drop Bomb တွေနဲ့ တိုက်ခိုက် ခံရတာတွေကြောင့် မိုင်းထိမှန်တာ ၄၉ ယောက်၊ ဒဏ်ရာရသူ ၇၅ ယောက် နဲ့ သေဆုံးသူ အယောက် ၃၀ ရှိခဲ့ပြီး တာဝါတိုင် နဲ့ ကွန်ကရစ်တိုင်ပေါင်း ၁၇၁ တိုင် ပြိုလဲပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။
ဒါပေမယ့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းတွေအနေနဲ့ ပြည်သူတွေ လိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အားကို ဖြည့် ဆည်းပေးနိုင်ရေးအတွက် ပြင်ဆင်တဲ့ လုပ်ငန်တွေကို ဆက်လက်ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။ဒါ့အပြင် ဓာတ်အားထုတ်လုပ်မှုလျော့နည်းရရှိမှုကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ဖို့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ် ခဲ့တဲ့ ဓာတ်အားပေးစက်ရုံတွေကို အမြန်ပြင်ဆင်ပြီးစီးရေး ဆောင်ရွက်နေသလို ကာလတို ဖြေရှင်းနိုင်ဖို့ LNG ဓာတ် အားပေးစက်ရုံစီမံကိန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်နေတာ နိုင်ငံရဲ့ အရင်းအမြစ်တွေဖြစ်တဲ့ ရေ၊ နေ၊ လေ တို့မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးကိုလည်း စီမံဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။