မြန်မာ့တရားစီရင်ရေးဟာ အာဆီယံမှာသာမက ကမ္ဘာကပါ လေးစားဂုဏ်ယူရတဲ့ တရားစီရင်ရေးဖြစ်အောင် ကြိုး ပမ်းဆောင်ရွက်သွားကြဖို့ နစက အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက တိုက်တွန်းမှာကြားပါတယ်။ဇန်နဝါရီ ၂ ရက်က နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ Judicial College အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားမှာ မှာကြားခဲ့တာပါ။

မြန်မာနိုင်ငံမှာ ပထမဦးဆုံး အဆင့်မြင့် တရားစီရင်ရေးဆိုင်ရာ သင်ကြားရေးဌာနတစ်ခုဖြစ်တဲ့ Judicial College အဆောက်အဦသစ်ကြီးကို စတင်ဖွင့်လှစ်နိုင်တဲ့နေ့ ဖြစ်တဲ့အတွက် တရားစီရင်ရေးမဏ္ဍိုင်အတွက် သာမကဘဲ နိုင်ငံတော်အတွက်ပါ ဂုဏ်ယူဝမ်းမြောက်စွာ မှတ်တမ်းတင်ရမယ့် နေ့တစ်နေ့ ဖြစ်ကြောင်းနဲ့ ဒီ College ကြီးမှာ ပြည်ပသင်တန်းသားတွေအပြင် မြန်မာနိုင်ငံက တရားသူကြီးအသစ်တွေ၊ အလယ်အလတ်အဆင့် တရားသူ ကြီးတွေ၊ အဆင့်မြင့်တရားသူကြီးတွေ အတွက်လည်း လေ့လာသင်ယူဆွေးနွေးပို့ချတဲ့ နေရာအဖြစ် အသုံးပြုသွား မှာ ဖြစ်တဲ့အတွက် တရားသူကြီး အသီးသီးရဲ့ စွမ်းရည်တိုးတက်ရေး အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးချနိုင် မယ်လို့ ယုံကြည်မျှော်လင့်မိကြောင်းလည်း ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ပြောကြားပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ် စတဲ့ တရားလွှတ်တော် (High Court)တွေကို အသစ်ဆောက်လုပ်ပေးခဲ့သလို ခရိုင်တရားရုံး ၅ ခုကိုလည်း အသစ်ဆောက်လုပ်ပေးခဲ့ပြီး ဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ပြောပါတယ်။