တပ်မတော်အနေနဲ့ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလကို ဧပြီ ၂၃ ရက်ကနေ ၃၀ ရက်ထိ ထပ်မံတိုးမြှင့် လိုက်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဧပြီ ၂၂ ရက်က ထုတ်ပြန်ပါတယ်။မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားနေရတဲ့ တစ်နိုင်ငံလုံးရှိ ပြည်သူလူထုကို စာနာထောက်ထား နားလည်တဲ့အနေနဲ့ ကူညီကယ်ဆယ်ရေး နဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင် စေဖို့ ရည်ရွယ်ပြီး တည်ငြိမ်အေးချမ်းမှုကို ရှေးရှုကာ တပ်မတော်အနေနဲ့ ဧပြီ ၂ ရက်ကနေ ၂၂ ရက်ထိ ယာယီပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးကာလအဖြစ် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ နိုင်ငံတော်အစိုးရအနေနဲ့ ငလျင်ဒဏ်သင့်ဒေသတွေမှာ ပြန်လည်တည်ဆောက်ရေး နဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကို အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်နေသလို နိုင်ငံတကာကလည်း ကယ် ဆယ်ရေးအဖွဲ့တွေ ဆေးအဖွဲ့တွေ စေလွှတ်ပြီး လိုအပ်တဲ့ ကူညီဆောင်ရွက်ဆောင်ရွက်ပေးတာတွေ ထောက်ပံ့ရေး ပစ္စည်းတွေ ပေးပို့တာတွေကို ဆောင်ရွက်ပေးနေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ပြန်လည်တည်ဆောက်ရေး နဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ ထိခိုက်ပျက်စီးခဲ့ရတဲ့ အစိုး ရ ရုံးဌာနတွေ ပြည်သူတွေရဲ့ အိုးအိမ် နဲ့ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းတွေ ပြန်လည်တည်ဆောက်တာ နဲ့ စိုက် ပျိုး မွေးမြူရေးကို အခြေခံတဲ့ ကုန်ထုတ်လုပ်ငန်းတွေ အားပေးမြှင့်တင်တာတွေကို အားစိုက်ခွန်စိုက် ဆောင်ရွက် သွားရမှာ ဖြစ်ပြီး ပြည်ထောင်စုဖွား တိုင်းရင်းသားမိဘပြည်သူတွေ အားလုံးရဲ့ စုပေါင်းအားနဲ့ ဆောင်ရွက်မယ်ဆိုရင် ပုံမှန်အခြေအနေကို အမြန်ဆုံး ရောက်ရှိနိုင်မှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။အဲဒါကြောင့် နိုင်ငံတော်အနေနဲ့ ငလျင်ဒဏ်သင့်ဒေသတွေမှာ ပြန်လည်တည်ဆောက်ရေး နဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်ဖို့ နိုင်ငံတော် နဲ့ နိုင်ငံသားအားလုံးရဲ့ အကျိုးစီးပွားကို ပိုမိုလျှင်မြန် စွာ ဖော်ဆောင်နိုင်ဖို့ ရေရှည်တည်တံ့ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်စေဖို့ နဲ့ တည်ငြိမ်အေးချမ်းမှုကို ရှေး ရှုပြီး ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလကို ထပ်မံတိုးမြှင့်လိုက်တာလို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါ တယ်။

ယာယီပစ်ခတ်တိုက်ခိုက်မှု ကြေညာထားတဲ့ ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ နဲ့ အခြားလက် နက်ကိုင်အဖွဲ့တွေ အနေနဲ့ အများပြည်သူသွားလာ အသုံးပြုနေတဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေကို နှောင့်ယှက် တိုက်ခိုက်တာ နဲ့ ထိခိုက်ပျက်စီးစေတာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီးစေတာ လုံခြုံရေး နဲ့ တရားဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ တပ်စခန်းတွေကို တိုက် ခိုက်တာ တပ်ဌာနချုပ်တွေကို နှောင့်ယှက်တိုက်ခိုက်တာတွေ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမယ့် အင်အားစု ဆောင်းတာ ပြင်ဆင်စုဖွဲ့တာ နယ်မြေချဲ့ထွင်တာတွေ မပြုလုပ်ဖို့ နဲ့ အဲဒီလိုမျိုး ဆောင်ရွက်လာရင် တပ်မတော်အ နေနဲ့ ပြည်သူလူထုကို ကာကွယ်တဲ့ အနေနဲ့ လိုအပ်တဲ့ အရေးယူတုံ့ပြန်တာတွေ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။