၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ဖြစ်ပွားခဲ့တဲ့ မဲစာရင်းကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်တွင်း၊ ပြည်ပက လေ့လာလိုသူတွေအနေနဲ့ ဝက်ဘ်ဆိုက်နဲ့ မိုဘိုင်းအက်ပလီကေးရှင်းတွေမှာ ဘာသာစကား ၅ မျိုးနဲ့ လေ့လာနိုင်တယ်လို့ နိုဝင်ဘာ(၂၀)ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ အသိပေးကြေညာထားပါတယ်၊၊
အဲဒီဝက်ဘ်ဆိုက်နဲ့ မိုဘိုင်းအက်ပလီကေးရှင်းတွေကို နိုဝင်ဘာ ၂၂ ရက်ကစတင်ပြီး မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှား၊ ဂျပန် စတဲ့ ဘာသာစကား(၅)မျိုးနဲ့ လေ့လာဖတ်ရှုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်၊၊ ဝက်ဘ်ဆိုက်နဲ့ မိုဘိုင်း အက်ပလီ ကေးရှင်းတွေထဲမှာ ရွေးကောက်ပွဲအကြိုကာလမှာ ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့မှုတွေ၊ ရွေးကောက်ပွဲ ကာလမှာ ဆောင်ရွက်ခဲ့မှုတွေ၊ ရွေးကောက်ပွဲအလွန်ကာလ ဖြစ်စဉ်တွေ၊ မြန်မာနိုင်ငံတစ်ဝန်းလုံး ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ မြို့နယ် ၃၁၅ မြို့နယ်ရဲ့ မဲစာရင်းစိစစ်တာနဲ့ မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်တာ၊ ရွေးကောက်ပွဲ ဖြစ်စဉ် တစ်ခုလုံးအပေါ် ခြုံငုံစစ်ဆေးတွေ့ရှိတာကို လေ့လာနိုင်မှာဖြစ်တယ်လို့ သိရပါတယ်၊၊
အဲဒါအပြင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရလဒ်တွေကို ပယ်ဖျက်တာ၊ ၂၀၂၀ ပြည့် နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပေါ်သုံးသပ်တာ၊ မှတ်တမ်းဓာတ်ပုံတွေ အစရှိတဲ့ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ဖြစ်ပွားခဲ့တဲ့ မဲမသမာမှုနဲ့ တရားမဲ့ပြုကျင့်မှုတွေအပေါ် စုံစမ်းစစ် ဆေးတွေ့ရှိချက်တွေကို တစ်နေရာတည်း ကဏ္ဍစုံလင်စွာ လေ့လာဖတ်ရှုနိုင်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်၊၊