ငြိမ်းချမ်းရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် မျက် နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး ဖြေရှင်းကြဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို လေးနက်စွာ တိုက်တွန်းတယ်လို့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က ဖေဖော်ဝါရီ ၂၅ ရက်က ထုတ်ပြန်ကြေညာပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ရဲ့ နှစ်ပတ်လည် အစည်းအဝေးကို ဖေဖော်ဝါရီ ၂၄ ရက် နဲ့ ၂၅ ရက်က နှစ်ရက်ကြာ ကျင်းပအပြီးမှာ ထုတ်ပြန်ကြေညာခဲ့တာပါ။နှစ်ပတ်လည်အစည်းအဝေးမှာတော့ လက်ရှိ နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး အခြေအနေတွေနဲ့ အခြား လုပ်ငန်းအခြေအနေတွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ဆွေးနွေးခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

RCSS အနေနဲ့ ကျေးလက်ဒေသနဲ့ မြို့နယ်အတွင်းရှိ ဒေသခံလူထုနဲ့ လက်တွဲပူပေါင်းပြီး ဒေသန္တရ အုပ်ချုပ်ရေး လုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။ဒါ့အပြင် ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာ ဖြေရှင်းနိုင်ရေးအတွက် ရှမ်းပြည်ပြန်လည်ထူ ထောင်ရေး ကောင်စီ(RCSS)အနေနဲ့ တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းနဲ့ ကြိုးပမ်းဖြေရှင်းသွားမယ်လို့လည်း ထုတ်ပြန်ကြေညာ ချက်မှာ ဖော်ပြထားပါတယ်။