အဝေးပြေးကားဂိတ်တွေမှာ တိုင်းရင်းသားပြည်သူတွေအားလုံး ကန့်သတ်ခွဲခြားမှုမရှိဘဲ လက်မှတ်ဝယ်ယူကာ ခရီးသွားလာနိုင်တယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ကဖြေကြားထားပါတယ်။
အဝေးပြေးကားဂိတ်တွေက ယာဉ်လိုင်းတွေမှာ ၁၃/မှတ်ပုံတင်ကိုင်ဆောင်တဲ့ ပလောင်၊ ကိုးကန့်နဲ့ “ဝ” တိုင်းရင်းသားတွေကို ကားလက်မှတ်တွေမရောင်းချဖို့ ညွှန်ကြားချက်တွေရှိတယ်ဆိုပြီး သတင်းထွက်ပေါ်နေတဲ့အပေါ် ပြန်လည်ဖြေကြားထားတာ ဖြစ်ပါတယ်။ ကန့်သတ်ခွဲခြားတဲ့ ညွှန်ကြားချက်ကို ထုတ်ပြန်ထားတာမရှိဘဲ တိုင်းရင်းသားပြည်သူတွေအားလုံး လွတ်လပ်စွာခရီးသွားလာနိုင်တယ်လို့ ဖြေကြားချက်မှာဖော်ပြထားပါတယ်။

အဓိကအနေနဲ့ အွန်လိုင်းငွေလိမ် (ကျားဖြန့်)လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ နယ်စပ်ဒေသအချို့မှာ စစ်ဆေးစိစစ်မှုတွေကိုတော့ ကြပ်မတ်ဆောင်ရွက်နေတာရှိတယ်လို့လည်း ဖြေကြားချက်အရသိရပါတယ်။