နိုင်ငံရေးပါတီအဖြစ်တည်ထောင်ခွင့်လျှောက်ထားတဲ့ ကယားပြည်နယ်ပြည်သူ့ပါတီ(KySSP)ကို နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ပြုလိုက်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ၂၆ ရက်မှာထုတ်ပြန်ပါတယ်။

ကယားပြည်နယ်ပြည်သူ့ပါတီဟာနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေတွေနဲ့ ညီညွတ်ကြောင်း စိစစ်တွေ့ရှိရတာကြောင့် တည်ထောင်ခွင့်ပြုလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ကယားပြည်နယ်ပြည်သူ့ပါတီအနေနဲ့ ပါတီတည်ထောင်ခွင့်ရရှိတဲ့အချိန်ကစပြီး ရက်ပေါင်း၃၀အတွင်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးဖို့လျှောက်ထားရမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားတဲ့အဖွဲ့ ၁၈ဖွဲ့ရှိပြီး အဲ့ဒီအထဲက ၁၅ဖွဲ့ကို နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ပြုပြီးဖြစ်တယ်လို့ သိရပါတယ်။