နိင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုဖို လျှောက်ထားတဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်တယ်လို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဩဂုတ်၁၉ရက် ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
ကချင်ပြည်နယ်ပြည်သူ့ပါတီရဲ့ မှတ်ပုံတင်အမှတ်မှာ ၅၁ဖြစ်တယ်လိုလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အဲ့ဒါကြောင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်အရ မှတ်ပုံတင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီစုစုပေါင်း ၅၁ပါတီရှိပြီဖြစ်ပါတယ်။