မြန်မာနိုင်ငံမြောက်ဖျားကနေ တောင်ဘက်ဧရာဝတီမြစ်ဝှမ်းအထိ ကူးသန်းသွားလာမှုကို များစွာ အထောက် အကူပြုနေတဲ့ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်တွေကို ရာသီမရွေး ထိထိရောက်ရောက် အသုံးချနိုင်အောင် ဆောင်ရွက်ရမှာဖြစ်သလို ပင်လယ်လမ်းကြောင်းတစ်လျှောက် ကူးသန်းသွားလာမှုကို မြှင့်တင်ရမယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်က ကျင်းပတဲ့ ဒလသင်္ဘောကျင်း နှစ်(၁၅၀)ပြည့် အထိမ်းအမှတ်အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလို ပြောကြားလိုက်တာပါ။ကုန်စည်ပို့ဆောင်မှုအပိုင်းမှာ ရေလမ်းကပို့ဆောင်တာဟာ ကုန်စည်ပမာဏများစွာကို တစ်စုတစ်စည်းတည်း ပို့ဆောင်နိုင်ပြီး ကုန်ကျစရိတ် ပိုမိုသက်သာဆဲဖြစ်တာကြောင့် နိုင်ငံတကာမှာလည်း ရေကြောင်းပို့ဆောင်ရေးကို အလေးထားဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် ကုန်စည်ပို့ဆောင်ရေးအတွက်လိုအပ်မယ့် ဈေးကွက်ဝင်၊ စီးပွားရေးတွက်ချေကိုက်တဲ့ ကုန်တင်ရေယာဉ်၊ ကုန်တင်တွဲ၊ တွန်းရေယာဉ်၊ ကွန်တိန်နာတင် ရေယာဉ်တွေကို ထိန်းသိမ်းပြုပြင်တာ၊ ပိုမိုတည်ဆောက်တာတွေ ဆောင်ရွက်ပြီး ရေကြောင်းပို့ဆောင်ရေးကဏ္ဍကို မြှင့်တင်ပေးရမယ်လို့vnf; ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။