ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေးဝန်ထမ်းတွေကို မဖြစ်မနေ ခန့်အပ်သွားဖို့ မှာကြားထားပြီးဖြစ်တယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ဇူလိုင် ၂၉ ရက်က ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်း ပြောကြားခဲ့တာပါ။

ပညာရေးနဲ့ပတ်သက်ပြီး ပညာရေးဝန်ထမ်းတွေကို ပြည့်မီစွာ ခန့်အပ်နိုင်ရေး ဆောင်ရွက်နေသလို သင်ကြားရေးဆိုင်ရာ အဆောက်အဦတွေကိုလည်း လိုအပ်ချက်နဲ့အညီ ဖြည့်ဆည်း ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဝန်ထမ်းတွေရဲ့ တာဝန်ထမ်းဆောင်မှုကို အသိအမှတ်ပြုတဲ့ အနေနဲ့ လစာအပြင် ထောက်ပံ့ကြေးတွေကိုလည်း တိုးမြှင့်ခံစားစေလျက်ရှိပြီး အငြိမ်းစားဝန်ထမ်းတွေကိုပါ ထောက်ပံ့ကြေး တိုးမြှင့်ပေးမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။