မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် သုံးဦးကို ဖြည့်စွက်ခန့်အပ်လိုက်တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စက်တင်ဘာ ၇ရက် ရက်စွဲနဲ့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။
စိန်မေရီကက်သလစ်ဘုရားကျောင်း ဂေါပကအဖွဲ့ဝင် ဦးဝင်းလှိုင်ဦး(ခ)ကုန်ဇမှုန်း၊ ပိန္နဲကုန်းဂျာမေဗလီ ဂေါပကအဖွဲဝင် ဦးသန်းဝင်းနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးတင်ကိုကိုတို့ကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တွေအဖြစ် ဖြည့်စွက်ခန့်အပ်လိုက်တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် လက်ရှိမှာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲဝင် ၁၃ယောက်ရှိလာပြီး ဥက္ကဋ္ဌအဖြစ် ဦးပေါ်လွင်စိန်က တာဝန်ယူထားပါတယ်။