ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့မှာရှိတဲ့ ဟံသာဝတီမြို့ဟောင်း မြို့ရိုးနေရာတွေကို ပြန်လည်တည်ဆောက်သွားဖို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားခဲ့ပါတယ်။
ဩဂုတ် ၃၀ ရက်က ဟံသာဝတီမြို့ဟောင်း၊ ကျုံးနဲ့ မြို့ရိုးနေရာတွေကို သွားရောက်ကြည့်ရှုစစ်ဆေးချိန်မှာ အခုလိုမှာကြားခဲ့တာဖြစ်ပါတယ်။

မြို့ရိုးပြန်လည်တည်ဆောက်ချိန်မှာ လိုအပ်တဲ့အချက်အလက်တွေနဲ့ အထောက်ထားတွေ ပြည့်စုံအောင် ပြုစုဆောင်ရွက်ဖို့ လိုတယ်လို့ ဆိုပါတယ်။
ပြန်လည်တည်ဆောက်ရာမှာလည်း ရှေးမူမပျက် မူလပုံစံအတိုင်း တည်ဆောက်သွားနိုင်ဖို့ လိုတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။