သမဝါယမအသင်းတွေအတွက် နိုင်ငံတော်အနေနဲ့ အရင်းအနှီး၊ နည်းပညာနဲ့ တခြားလိုအပ်တာတွေ၊ ထောက်ပံ့ ကူညီပေးသွားမယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ဇူလိုင်၂၉ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလို ပြောကြားလိုက်တာပါ။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအရ သမဝါယမစနစ်ဟာ အသင့်လျော်ဆုံး ဖြစ်တာကို တွေ့ရတယ်လို့ ဆိုပါ တယ်။
အဲ့ဒါကြောင့် သမဝါယမအသင်းတွေဖွဲ့စည်းပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ကုန်ထုတ်လုပ်ငန်းတွေကို ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ကာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးထုတ်ကုန်တွေကို အခြေခံတဲ့ စက်ရုံအလုပ်ရုံတွေ၊ တည်ထောင်သွားစေလိုတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။