နိုင်ငံ့ဝန်ထမ်းတွေရဲ့ လစာတွေကို ဒီဂျစ်တယ်နည်းလမ်း နဲ့ ငွေပေးချေနိုင်ရေး တိုးချဲ့ဆောင်ရွက်သွားဖို့ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဝန်ကြီးဌာန/ အဖွဲ့အစည်းတွေအနေနဲ့ ၂၀၂၃ ခုနှစ် မေလကစပြီး နိုင်ငံ့ဝန်ထမ်းတွေရဲ့ လစာတွေကို ဒီဂျစ်တယ်နည်းလမ်း နဲ့ပေးချေမှု စတင်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ရန်ကုန်၊ မန္တလေး နဲ့ ပြည်နယ်/တိုင်းဒေ သကြီးအတွင်းရှိ ဝန်ထမ်းတွေရဲ့ လစာတွေကိုလည်း ဒီဂျစ်တယ် နည်းလမ်းနဲ့ ပေးချေနေရာ စုစုပေါင်း ကျပ် ၉ ဘီလီယံကျော်ထိ လစဉ်ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ညွှန်ကြားချက်အရ သိရပါတယ်။
ကတ်နဲ့ လစာငွေ ရယူတဲ့ ဝန်ထမ်းတွေ လစာထုတ်ယူရာမှာ အဆင်ပြေစေဖို့အတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီး အလိုက် ATM စက်တွေ တပ်ဆင်ထားပေးထားပြီး ရန်ကုန်မှာ AMT စက် ၁၉၀၈ လုံး၊ မန္တလေးမှာ ၇၀၇ လုံး နဲ့ နေပြည်တော်မှာ ၃၃၂ လုံး တပ်ဆင်ထားရှိပြီး လိုအပ်မှုရှိလာပါက ထပ်မံတိုးချဲ့ပေးမယ်လို့ ညွှန်ကြားချက်မှာဖော်ပြထားပါတယ်။

အခုအခါ ပြည်ထောင်စုနယ်မြေရှိ အရာထမ်းတွေအပြင် အမှုထမ်းတွေပါ ဒီဂျစ်တယ် နည်းလမ်းနဲ့ လစာ ပေးနိုင် ရေး၊ ရန်ကုန် နဲ့ မန္တလေးရှိ နိုင်ငံ့ဝန်ထမ်းတွေ လစာပေးချေမှုတွေကို ဒစ်ဂျစ်တယ်နည်းလမ်းနဲ့ တိုးချဲ့နိုင်ရေး သက်ဆိုင်ရာ ဘဏ်တွေနဲ့ ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ဖို့ ညွှန်ကြားချက်မှာ ပါရှိပါတယ်။
နိုင်ငံ့ဝန်ထမ်းလစာပေးချေမှုအတွက် လုပ်ပိုင်ခွင့်ရထားတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေထဲမှာ KBZ ၊ UAB ၊ CB ၊ AYA ၊ Wave Money ၊ OK Dollar ၊ Zego Money ၊ UniPay ၊ True Money ၊ ရွှေ (ကျေးလက် နှင့် မြို့ပြ) ဖွံ့ဖြိုးရေးဘဏ်၊ Trusty Ecommerce ၊ A Bank ၊ AGD ၊ MAB ၊ M-ပိုက်ဆံ ၊ MCB Bank တို့ ပါဝင်တယ်လို့လည်း သိရပါတယ်။
ဘဏ်အလိုက် Payroll Service ရယူမယ့် ဝန်ထမ်းအင်အားစာရင်း၊ ဘဏ်/ငွေရေးကြေးရေးအဖွဲ့အစည်းနဲ့ Payroll Service ရယူမယ့် အခြေအနေကို ဗဟိုဘဏ်ထံ တင်ပြဖို့ လိုအပ်မယ်လို့လည်း ဗဟိုဘဏ်က အသိပေး ထားပါ တယ်။
အဲ့ဒါကြောင့် ဝန်ကြီးဌာန/အဖွဲ့အစည်းတွေဟာ မိမိတို့ရဲ့ ဝန်ထမ်းတွေကို ဒီဂျစ်တယ်နည်းနဲ့ လစာငွေပေးချေနိုင် ရေး ပူးပေါင်းပါဝင်ဆောင်ရွက် ပေးရမယ်လို့လည်း ညွှန်ကြားထားပါတယ်။