လူမှုစီးပွားမြှင့်တင်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ပြီလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာ ၁၈ ရက်က ကြေညာပါတယ်။ လူမှုစီးပွားမြှင့်တင်ရေးပါတီဟာ ပြီးခဲ့တဲ့ဇွန်လ ၂၀ ရက်က နိုင်ငံရေးပါတီအဖြစ်တည်ထောင်ခွင့် လာရောက်လျှောက်ထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ပြီးနောက် အခုနိုဝင်ဘာ ၁၈ ရက်မှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်တွေအရသိရပါတယ်၊၊ လူမှုစီးပွားမြှင့်တင်ရေးပါတီရဲ့ မှတ်ပုံတင်အမှတ်က (၅၄)ဖြစ်ပြီး နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်အရ မှတ်ပုံတင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီအရေအတွက်က (၅၄)ပါတီရှိ ပြီဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက သတင်းမီဒီယာသင်တန်းအမှတ်စဉ်(၃)ဖွင့်လှစ်
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက သတင်းမီဒီယာသင်တန်းအမှတ်စဉ်(၃)ကို ဇွန်လ၁၃ရက်က ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံး၊ သင်တန်းခန်းမမှာစတင်ဖွင့်လှစ်ခဲ့ပါတယ်။သင်တန်းမှာ International Relationshipဘာသာရပ်၊ Broadcasting...
ပိုမိုဖတ်ရှုရန်