ပြည်သူ့လုံခြုံရေးနဲ့ပတ်သက်ပြီး လမ်းအလိုက်၊ ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် လုံခြုံရေးအသိ၊ သတိနဲ့ ဆောင် ရွက်ဖို့ လိုတယ်လို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဩဂုတ် ၂၅ ရက်က မန္တလေးမြို့ မြို့တော်ခန်းမမှာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေ တိုင်းဒေသကြီး နဲ့ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူတွေကို တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတွေ ဆွေးနွေးပြောကြား ရာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။
လုံခြုံရေးနဲ့ ပတ်သက်ပြီး ဒေသအလိုက် လူတစ်ဦး တစ်ယောက်ချင်းစီမှ လုံခြုံရေး အသိစိတ်ဓာတ်ရှိရှိ နဲ့ ဆောင် ရွက်ကြဖို့ လိုအပ်ပြီး မိမိတို့ နေထိုင်တဲ့ ဒေသ၊ ရပ်ကွက်၊ ကျေးရွာတွေ အလိုက်၊ လမ်းတွေအလိုက် လုံခြုံရေးစနစ်တွေ တည်ဆောက်ပြီး ဆောင်ရွက်မယ်ဆိုရင် နယ်မြေဒေသလုံခြုံရေးအတွက် များစွာအကျိုးရှိ ထိရောက်စေမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

လုံခြုံရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး စစ်ဆေးတာ ပြန်လှန်စစ်ဆေးတာ နဲ့ တန်ပြန်စစ်ဆေးတာတွေ ပြုလုပ်ပြီး အပြန်ပြန် အလှန်လှန် စစ်ဆေးနေဖို့ လိုအပ်သလို လုံခြုံရေးပိုင်းဆိုင်ရာတွေ နည်းလမ်းမျိုးစုံနဲ့ ထိခိုက်တာကြောင့် ဒေသအလိုက် ထိခိုက်မှုတွေ ဖြစ်ပေါ်စေတယ်လို့လည်း ဆိုပါတယ်။
အဲဒါကြောင့် တရားဥပဒေစိုးမိုးရေး နဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့ လိုပြီး လုံခြုံရေးအမြင်ဖို့ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။