ယာယီသမ္မတ တာဝန်ဝတ္တရားတွေကို နစကဥက္ကဋ္ဌထံ လွှဲအပ်ခြင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက် တွေနဲ့အညီ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး အထူးဆေးကုသမှုအဖွဲ့နဲ့ ကုသ ပေးနေ ပေမယ့် ယာယီသမ္မတ တာဝန်တွေကို ပြန်လည်ထမ်းဆောင်နိုင်ဖို့ ကျန်းမာရေးအခြေအနေ တိုးတက် ကောင်းမွန်မှု မရှိသေးတဲ့အတွက် တာဝန်လွှဲအပ်ခြင်းကို ဇူလိုင် ၂၂ ရက်က ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ယာယီသမ္မတ လစ်လပ်သွားပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၄၁၂)(ခ) မှာ ပါတဲ့ ပါသော အခြေခံဥပဒေရဲ့ သဘောတရားတွေအရ နိုင်ငံတော်ရဲ့အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို အဓိက ဆုံးဖြတ်ပေးရတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို ဦးဆောင်ဖို့အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ (၄၁၉) အရ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးအာဏာကို နိုင်ငံတော်သမ္မတ ကိုယ်စား ကျင့်သုံး ဆောင်ရွက်နေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သာ ဖြစ် ကြောင်းလည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
“ဒါကြောင့်မို့ လို့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၄၁၉)အရ နိုင်ငံတော်ရဲ့အုပ်ချုပ်ရေးအာဏာကို သမ္မတကိုယ်စား လက်တွေ့ကျင့်သုံးဆောင်ရွက်နေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကိုပဲ လွှဲပြောင်း ဆောင်ရွက် ရမှာ ဖြစ်ပါတယ်။ အဲဒီမှာတစ်ခုရှိတာတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို ဘာကြောင့်ဦးဆောင်မှု မပြုတာလဲဆိုတာနဲ့ ပတ်သက်ပြီး ပုဒ်မ(၄၁၈)မှာတော့ ဒီလိုအခြေအနေမျိုးမှာ လွှတ်တော်ဥက္ကဋ္ဌပဲရှိပြီး လွှတ်တော်တွေမရှိတော့ဘူး။ လွှတ်တော် ဥက္ကဋ္ဌ ဆက်လက်တည်ရှိနေတာကလည်း ပုဒ်မ(၄၂၄)အရ လွှတ်တော်ဥက္ကဋ္ဌအသစ်များ ရွေးကောက် တင်မြှောက်ပြီးပါက တာဝန်လွှဲပြောင်းရေးအတွက်သာ ကျန်ရှိနေခြင်းဖြစ်လို့ ဖြစ်ပါတယ်” ” လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေနဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မလွဲမသွေ ကျင်းပသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။