ဒုတိယအကြိမ်ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ သီးသန့်အစည်းအဝေးတက်ရောက်ဖို့ နယူးဒေလီမြို့ကို ရောက်ရှိနေတဲ့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေဟာ ဇူလိုင်၁၁ ရက်ကပြုလုပ်တဲ့ မြန်မာ- အိန္ဒိယ-ထိုင်း သုံးနိုင်ငံအစည်းအဝေးကိုတက်ရောက်ပြီး သုံးနိုင်ငံအမြန်လမ်း အကောင် အထည်ဖော်ရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် ပါတယ်။
အဲ့ဒီအစည်းအဝေးမှာ မြန်မာ-အိန္ဒိယ-ထိုင်း သုံးနိုင်ငံအမြန်လမ်းအကောင်အထည်ဖော်ရေးဆိုင်ရာ ဖြစ်ပေါ် တိုးတက်မှု တွေအပါအဝင် ပေါင်းစည်းဆက်နွှယ်ချိတ်ဆက်မှုလုပ်ငန်းတွေ၊ နယ်စပ်ဒေသ တစ်လျှောက် တည်ငြိမ် အေးချမ်းရေးအတွက် မြန်မာ-အိန္ဒိယ-ထိုင်းတို့ အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်သွားရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအပါအဝင် ကဏ္ဍစုံမှာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေပေးအပ်ရေးတို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါးနဲ့ လက်နက်ရောင်းဝယ်မှုတွေ၊ လူကုန်ကူးမှုတွေ၊ အွန်လိုင်းလိမ်လည်မှုတွေကိုလည်း ပူးပေါင်းတိုက်ဖျက်သွားဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။