နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းကို လက်ခံတွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်း ချမ်းရေး နဲ့ နယ်စပ်ဒေသတည်ငြိမ်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။

ဩဂုတ် ၈ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဧည့်ခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
တွေ့ဆုံရာမှာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု နဲ့ သံတမန်ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်တွေ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်တွေ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်တွေ အွန်လိုင်း လောင်းကစားမှုတွေ အွန်လိုင်းလိမ်လည်မှုတွေ အခြားငွေကြေးလိမ်လည်မှု နဲ့ တရားမဝင်လုပ်ငန်းတွေ ပပျောက်စေရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတည်ငြိမ်အေးချမ်းရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေးအ တွက် ဦးတည်ချက်တွေ နဲ့ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ အခြေအနေ တွေ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။
