မြန်မာနိုင်ငံနဲ့အတူ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ၊ ကမ္ဘာလုံး ဆိုင်ရာ လူသားယဉ်ကျေးမှုအစီအမံဆိုတဲ့ အစီအမံကြီးသုံးခုကို ချိတ်ဆက်ဖော်ဆောင်သွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ နိုင်ငံရေးရာသံမှူး မစ္စချောင်လီက ပြောပါတယ်။
ဇွန်လ ၁၉ ရက်က ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာမှာ ကျင်းပပြုလုပ်တဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ရေး မူကြီး ၅ ချက် ထုတ်ပြန်ခြင်း နှစ်(၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနားမှာ ပြောကြားခဲ့တာပါ။
တရုတ်နိုင်ငံဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ရဲ့ လမ်းညွှန်ချက်နဲ့ ချစ်ခင်ရင်းနှီးတာ၊ ရိုးသား စွာ ဆက်ဆံတာ၊ အပြန်အလှန်အကျိုးဖြစ်ထွန်းတာ၊ အားလုံးပါဝင်တာ ဆိုတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ သံတမန် ဆက်ဆံရေး အယူအဆကို လက်တွေ့ဖော်ဆောင်ကာ တရုတ်-မြန်မာ အစဉ်အလာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး သံယောဇဉ်ကို လက်ဆင့်ကမ်းပြန့်ပွားအောင် လုပ်ဆောင်နေတယ်လို့ မစ္စချောင်လီက ပြောပါတယ်။
မြန်မာနဲ့တရုတ် နှစ်နိုင်ငံချစ်ကြည်ရေးကို ကြိုးစားပြီး လုပ်ဆောင်နေတာတွေ့ရတယ်လို့လည်း ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်သန်းသန်းနုက ပြောပါတယ်။
လွန်ခဲ့တဲ့ ၁၉၅၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်က ရန်ကုန်မြို့မှာ မြန်မာနဲ့တရုတ်နိုင်ငံတို့ဟာ ပိုင်နက်နယ်ပယ် တည်တံ့ ရေးနဲ့ အချုပ်အခြာအာဏာကို အခြားတစ်နိုင်ငံက လေးစားဖို့၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကျုးကျော် တိုက်ခိုက်မှု မပြုလုပ်ဖို့၊ ပြည်တွင်းရေးဝင်ရောက်စွက်ဖက်တာ မပြုလုပ်ဖို့၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တန်းတူရည်တူရှိဖို့နဲ့ နှစ်ဦး နှစ်ဖက် အကျိုးဖြစ်ထွန်းဖို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ အခြေခံမူကြီး ငါးရပ်ကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။




