မြန်မာနိုင်ငံတော်အကျပ်အတည်းနဲ့ အစိုးရ၊ နိုင်ငံသားများ၊ နိုင်ငံရေးပါတီများရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ (၂)ရက်က ရန်ကုန်မြို့ရှိ ကျောက်တံတားမြို့နယ်မှာ နိုင်ငံရေးပါတီတွေက ဆွေးနွေးခဲ့ကြပါတယ်။အဲဒီဆွေးနွေးပွဲမှာ ပြည်သူ့ရှေ့ဆောင်ပါတီက ဦးဆောင်ပြုလုပ်တာဖြစ်ပြီး ဆွေးနွေးမှုကို ပြည်သူ့ရှေ့ဆောင်ပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာမျိုးဆက်သွေး၊ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဒုတိယဥက္ကဋ္ဌ ဦးထက်အောင်ကျော်နဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင် ဒါရိုက်တာ ဦးသိန်းထွန်းဦးတို့က ဆွေးနွေးခဲ့ကြတာပါ။

လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့အတွက် အားနည်းချက်၊ အားသာချက်၊ စိန်ခေါ်မှုတွေကို အစိုးရ၊ ပြည်သူ၊ ပါတီတွေအနေနဲ့ သိသွားစေဖို့အတွက် ရည်ရွယ်ပြီး နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ရတာဖြစ်တယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီက အထွေထွေအတွင်းရေးမှူး ဒေါက်တာ မျိုးဆက်သွေးက ပြောပါတယ်။ အဲဒီနိုင်ငံရေးဆွေးနွေးမှုမှာ နိုင်ငံတော်အတွက် အစိုးရနဲ့ နိုင်ငံသားတွေ အတူဆောင်ရွက်ရမဲ့အခန်းကဏ္ဍကို သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးကဆွေးနွေးခဲ့ပြီး နိုင်ငံတော်အရေး ကိစ္စတွေမှာ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍနဲ့ တာဝန်တွေအကြောင်းကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဒုတိယဥက္ကဋ္ဌ ဦးထက်အောင်ကျော်တို့က ဆွေးနွေးခဲ့ကြတာပါ။

ဒါ့အပြင် ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က နိုင်ငံတော် အကျပ်အတည်း တွေ့ချိန်မှာ နိုင်ငံရေး သမားကောင်း တစ်ယောက်ရဲ့ အခန်းကဏ္ဍ ခေါင်းစဉ်နဲ့ဆွေးနွေးခဲ့ပြီး နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ ပြည်သူတွေ ဘယ်လို ရပ်တည်ဆောင်ရွက်သင့်တယ် ဆိုတာကို ဖော်ဆောင်ရမယ့် နည်းခေါင်းစဉ်နဲ့ ပြည်သူ့ ရှေ့ဆောင်ပါတီက အထွေထွေအတွင်းရေးမှူး ဒေါက်တာ မျိုးဆက်သွေးတို့က ဆွေးနွေးခဲ့ကြတာလည်း ဖြစ်ပါ တယ်။