မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၄)နဲ့ မြန်မာနိုင်ငံက ဝန်ကြီးဌာန ၆ ခုက စီမံကိန်း ၁၂ ခု ဆောင်ရွက်သွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အဲဒီစီမံကိန်းတွေ ဆောင်ရွက်ဖို့ အတွက် ရန်ပုံငွေလွှဲပြောင်းမှုဆိုင်ရာ သဘောတူညီချက်ကို ဇွန်လ ၁၄ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလွင်ဦးနဲ့ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်တို့ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ဆိုပါတယ်။
အခုသဘောတူညီချက်အရ စီမံကိန်း ၁၂ ခုဆောင်ရွက်ဖို့အတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ သန်းခန့်ကို တရုတ်နိုင်ငံက မြန်မာနိုင်ငံကို လွှဲပြောင်းပေးအပ်မှာ ဖြစ်ပါတယ်။
စီမံကိန်းတွေကို စိုက်ပျိုးရေးနဲ့မွေးမြူရေး၊ သစ်တောဆိုင်ရာအရင်းအမြစ်များ ကာကွယ်ထိန်းသိမ်းရေး၊ အသေးစား နဲ့အလတ်စားစီးပွားရေးလုပ်ငန်းတွေမှာ သဘာဝပတ်ဝန်းကျင်ကိုအကျိုးပြုတဲ့အလေ့အထနဲ့ တီထွင် ဆန်းသစ်မှု တွေဆောင်ရွက်ရေး၊ ကျေးရွာအဆင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ သတင်း အချက်အလက် နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုနဲ့ ယဉ်ကျေးမှုကဏ္ဍမြှင့်တင်ရေး စတဲ့ နယ်ပယ်တွေမှာ အကောင်အထည်ဖော် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


