ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေဟာ အိန္ဒိယပြည်ပရေးရာ ဝန်ကြီး ဒေါက်တာအက်စ်ဂျိုင်ရှန်ကာနဲ့ ဇွန်လ၂၆ ရက်က နယူးဒေလီမြို့မှာ တွေ့ဆုံပြီး မူးယစ်ဆေးဝါးနဲ့ လက်နက် ရောင်းဝယ်ဖောက်ကားမှုတွေ တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ကနေ သိရပါတယ်။
အဲဒီလိုတွေ့ဆုံရာမှာ မြန်မာနဲ့ အိန္ဒိယတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ တရားမဝင် မူးယစ်ဆေးဝါးနဲ့ လက်နက်ရောင်းဝယ်ဖောက်ကားမှု၊ လူကုန်ကူးမှုတွေကို တိုက်ဖျက်ရေး စတာတွေအပြင် နှစ်နိုင်ငံ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အေစီဒီနဲ့ ဘင်းမ်စတက်မျက်နှာစာမှာ ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရေးတို့ကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
