ပြည်သူ့အကျိုးပြုကျောင်းသားများပါတီရဲ့ ပါတီဆက်လက်တည်ထောင်ဖို့ မှတ်ပုံတင်ခွင့်လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ စိစစ်ပြန်ကြားချက်အရ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားချက်ကို ငြင်းပယ်လိုက် တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်တွေနဲ့ ညီညွတ်တာမရှိကြောင်း တွေ့ရှိတဲ့အတွက် ပြည်သူ့အကျိုးပြုကျောင်းသားများပါတီကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေပါ ပုံစံ(ဆ)နဲ့ ငြင်းပယ် လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်၊၊
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံရေးပါတီတည်ထောင်လိုသူတွေအနေနဲ့ ပါတီတည်ထောင်ခွင့် လျှောက်ထားကြရာ လက်ရှိအချိန်ထိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအသစ်အရ မှတ်ပုံတင်ခွင့် ပြုထားတဲ့ နိုင်ငံရေးပါတီအရေအတွက်က (၅၄)ပါတီ ရှိပြီဖြစ်တယ်လို့ သိရပါတယ်။