နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တာဝန်ပြီးဆုံးလို့ ပြန်လည်ထွက်ခွာ တော့မယ့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်ကို ဇူလိုင် ၄ ရက် မနက်ပိုင်းက နေပြည် တော်မှာ လက်ခံတွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
အဲဒီလိုတွေ့ဆုံရာမှာ မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံမှု၊ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပါင်းဆောင်ရွက်မှု တိုးတက်ကောင်းမွန်နေမှု အခြေအနေတွေ၊ နှစ်နိုင်ငံအကြား အဆင့်မြင့်အရာရှိကြီးတွေ ချစ်ကြည်ရေးခရီးစဉ် အပြန်အလှန်သွားရောက်မှု အခြေအနေတွေ၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းမှုရရှိရေးအတွက် နိုင်ငံတော်က ကြိုးပမ်းနေမှုနဲ့ တရုတ်နိုင်ငံက ကူညီပေးနေမှုအခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေတွေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆောင်ရွက်နေမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
မစ္စတာချန်းဟိုင်ဟာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် ၂၀၁၉ ခုနှစ် ဇူလိုင်လက စတင်တာဝန်ထမ်း ဆောင်ခဲ့တာဖြစ်ပါတယ်။