မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲမှာ ပုလဲအလုံးပေါင်း (၁၇၅၀၀၀) ၊ ပုလဲအတွဲ(၇၀၀)ကို အိတ်ဖွင့် တင်ဒါ စနစ်နဲ့ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ ရောင်းချပွဲ ဖွင့်ပွဲအခမ်းအနားကိုတော့ ဩဂုတ် ၁၂ ရက်၊ မနက်ပိုင်းက နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမမှာ ကျင်းပခဲ့ပြီး နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။

ဖွင့်ပွဲအခမ်းအနားမှာတော့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံအလိုက် တောင်ပင်လယ်ပုလဲ ထုတ်လုပ်မှုဆိုင်ရာ အချက်အလက်တွေ၊ မြန်မာ့ပုလဲတွေ ထုတ်လုပ်မှု ရောင်းချနိုင်မှုနဲ့ ၂၀၂၄ ခုနှစ် ၁၄၂ ကြိမ် မြောက် မြန်မာ့တောင်ပင်လယ်ပုလဲ ရောင်းချပွဲ အခမ်းအနား ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့မှု ဗီဒီယို မှတ်တမ်းတွေကို ကြည့်ရှုခဲ့ပါတယ်။
ပုလဲရောင်းချပွဲမှာတော့ ဩဂုတ် ၁၃ ရက်မှာ ပုလဲအတွဲ ၂၃၀၊ ဩဂုတ် ၁၄ ရက်မှာ ပုလဲအတွဲ ၂၃၀ နဲ့ ဩဂုတ် ၁၅ ရက်မှာ ပုလဲအတွဲ ၂၄၀ တို့ကို ပြည်တွင်း ပြည်ပရတနာကုန်သည်တွေကို အမေရိကန်ဒေါ်လာနဲ့ ရောင်းချပေးသွား မှာ ဖြစ်တယ်လို့ သိရပါတယ်။