တပ်မတော်သားတွေ နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေရဲ့ စွမ်းရည်တွေ တိုးတက်စေရေးအတွက် ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါ တယ်။
ဩဂုတ် ၂၆ ရက်က အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အစည်းအဝေးခန်းမမှာ တာဝန်ရှိသူတွေကို တွေ့ဆုံအမှာစကား ပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။
ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ လုံခြုံရေးအတွက် နယ်မြေတည်ငြိမ်အေးချမ်းရေး လုပ်ငန်းတွေကို စနစ်တကျ ဆောင်ရွက်နေဖို့ လိုတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ပြည်သူ့စစ်တွေ စစ်မှုထမ်းဟောင်းတွေ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေ ပူပေါင်းပြီး နယ်မြေလုံခြုံတည်ငြိမ်ရေးကို ဆောင်ရွက်သွားရမှာ ဖြစ်ပြီး နယ်မြေတည်ငြိမ်အေးချမ်းရေး နဲ့ လမ်းပန်းဆက်သွယ်မှုတွေ လုံခြုံချောမွေ့ကောင်း မွန်စေရေးအတွက် ဆောင်ရွက်ရာမှာ ရေရှည်ထည့်သွင်းစဉ်စားဖို့ လိုတယ်လို့လည်း ဆိုပါတယ်။
လုံခြုံရေးနဲ့ ပတ်သက်တဲ့ သတင်းတွေ စဉ်ဆက်မပြတ် ရရှိရေး ဆောင်ရွက်ဖို့ လိုအပ်မှု နဲ့ အခြားနယ်မြေဒေသ လုံခြုံရေး နဲ့ တည်ငြိမ်အေးချမ်းရေးဆိုင်ရာတွေနဲ့ ပတ်သက်ပြီး လိုအပ်တာတွေကိုလည်း ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က လမ်းညွှန်မှာကြားခဲ့ပါတယ်။