နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ(UADP)ကို နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်တယ်လို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။ ညီညွတ် ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ(UADP)ရဲ့ ပါတီမှတ်ပုံတင်အမှတ်မှာ ၅၅ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်မှာ အသစ်ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ နိုင်ငံရေးပါတီအားလုံး ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားရပြီး လက်ရှိမှာ ၅၅ ပါတီကို မှတ်ပုံတင်ခွင့်ပြုထားပြီး ဖြစ်ပါတယ်။
ရွေးကောက်ပွဲကို လာမယ့်၂၀၂၅ ခုနှစ်အတွင်း ကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင်နေတယ်လို နစကဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်က မိတ္ထီလာခရိုင်နဲ့မြို့နယ်အတွင်းမှာရှိတဲ့ ဌာနဆိုင်ရာတွေ၊ မြို့မိမြို့ဖတွေနဲ့တွေ့ဆုံရာမှာ ပြောကြားထားပါတယ်။