စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ဖို့အတွက် စက်မှုဖွံ့ဖြိုးရေးကော်မရှင်ကို ဖွဲ့စည်းလိုက်တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဒီဇင်ဘာ၊၁၈ ရက် ရက်စွဲနဲ့ အမိန့်ထုတ်ပြန်ပါတယ်။

စက်မှုဖွံ့ဖြိုးရေးကော်မရှင်မှာ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မှာဖြစ်ပြီး စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မှာဖြစ်ပါတယ်။

အဲ့ဒီကော်မရှင်မှာ စုစုပေါင်း(၁၆)ယောက်ပါဝင်ပြီး ကော်မရှင်ရဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်တွေကို သီးခြားထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့ အမိန့်ထုတ်ပြန်ထားပါတယ်။