တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေနဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ရာမှာ လေးလေးနက်နက် နားလည်သဘောပေါက်ပြီး ပူးပေါင်းဆောင်ရွက်ကြဖို နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထပ်မံတိုက်တွန်းလိုက်ပါတယ်။

ဖေဖော်ဝါရီ ၇ ရက်မှာ ကျရောက်တဲ့ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ပေးပိုတဲ့သဝဏ်လွှာမှာ အခုလို ဖော်ပြထားတာပါ။ တွေ့ဆုံဆွေးနွေးတဲ့နည်းတွေကသာ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်ပြီး ပြည်သူ တွေရဲ့စီးပွားရေးနဲ့ လူမှုရေးအခြေအနေတွေ တိုးတက်ကောင်းမွန်လာနိုင်မှာ ဖြစ်တယ်လို ဆိုပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့ ပြည်ထောင်စုစိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်တိုကို အခြေခံပြီး စည်းလုံးညီ ညွတ်စွာနဲ့ လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲကြီး အောင်မြင်စေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို လိုတယ် လိုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပေးပိုတဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။