ချင်းပြည်နယ်အစိုးရအဖွဲ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းကို ကျန်းမာရေးအရ တာဝန်မှအနားယူခွင့်ပြုလိုက်တယ်လို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စက်တင်ဘာ၇ရက် ရက်စွဲနဲ့ အမိန့်ထုတ်ပြန်ပါတယ်။

ဦးဟန်ကျင့်ဇမ်းကို ပြီးခဲ့တဲ့၂၀၂၁ခုနှစ်၊ ဩဂုတ်၁ရက်က ချင်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပြီး အခု၃နှစ်ကျော်အကြာမှာ ကျန်းမာရေးအရ တာဝန်ကနေ အနားယူခွင့်ပြုလိုက်တာဖြစ်ပါတယ်။