ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နဲ့ တရားသူကြီးကို ခန့်အပ်လိုက်တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဒီဇင်ဘာ၂၉ရက်ရက်စွဲနဲ့ အမိန့်ထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်အဖြစ် ဦးညွန့်လင်းကိုခန့်အပ်လိုက်တာပါ။
ဦးညွန့်လင်းကို ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ် ၂၀၂၂ခုနှစ် မတ်လ၂၃ရက်က ခန့်အပ်ခဲ့တာဖြစ်ပြီး အခုကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်လိုက်တာဖြစ်ပါတယ်။

အဲ့ဒီအပြင် ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် ဒေါ်နွဲ့နွဲ့ဦးကို ခန့်အပ်လိုက်တယ်လို့လည်း အမိန့်ထုတ်ပြန်ထားပါတယ်။