ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၁၁)မိုင် (၆)ဖာလုံမှာ စက်တင်ဘာ ၂ ရက်၊ မနက်ပိုင်းက Express ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ယောက်သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ကနေသိရပါတယ်၊၊
အခင်းဖြစ်နေရာကို ပြင်စည်အမြန်လမ်း မီးသတ်စခန်းက မီးသတ်ယာဉ်(၁)စီးနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်၊၊

ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါလာတဲ့ အမျိုးသားရှစ်ယောက်၊ အမျိုးသမီး (၁၇)ယောက် စုစုပေါင်း လူ(၂၅)ယောက်အနက် အမျိုးသားတစ်ယောက်သေဆုံးပြီး အမျိုးသားနှစ်ယောက်နဲ့အမျိုးသမီး ခုနစ်ယောက် စုစုပေါင်း (၉) ယောက်ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါတယ်၊၊
သေဆုံးရုပ်အလောင်းနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို ဟိန္ဒူမျိုးဆက်သစ်လူမှုကူညီရေးအသင်းက လူနာတင်ယာဉ်နဲ့ မိတ္ထီလာမြို့နယ် ပြည်သူ့ဆေးရုံကြီးကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့သိရတယ်။