(၃၅)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် နှစ်ပတ်လည်နေ့ (ကမ္ဘာ့ကလေးများ)နေ့အခမ်းအနားကို နိုဝင်ဘာလ(၂၀)ရက်က နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အခုနှစ်မှာ အနာဂတ် သာယာကောင်းမွန်ရေး ကလေးများအသံနားထောင်ပေး ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကျင်းပပြုလုပ် တာဖြစ်ပြီး ကမ္ဘာပေါ်ရှိ ကလေးသူငယ်တွေရဲ့အသံနဲ့ လိုအပ်ချက်တွေကို ဦးစားပေးတဲ့အနေနဲ့ ကလေးသူငယ် အခွင့်အရေးတွေကို ကလေးတွေအားလုံး ရရှိခံစားနိုင်ဖို့ ရည်ရွယ်ချက်နဲ့ကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ကုလသမဂ္ဂကဦးစီးပြီးတော့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် အတည်ပြုချမှတ်ခဲ့တဲ့ နှစ်နဲ့နေ့ကို အကြောင်းပြုပြီး ကမ္ဘာ့ကလေးများနေ့အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ၁၉၉၁ ခုနှစ်မှာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာသဘောတူစာချုပ်မှာ အဖွဲ့ဝင်အဖြစ် ပါဝင် လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ ရှေးဦးအရွယ် ကလေးသူငယ် ဖွံ့ဖြိုး တိုးတက်ရေး မဟာဗျူဟာစီမံချက်ကို ရေးဆွဲဆောင်ရွက်နေပြီး ဒုတိယတစ်ခုအနေနဲ့ ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်မှုတွေ ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။