အိန္ဒိယနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးခဲ့တဲ့ မြန်မာနိုင်ငံသား (၃၈)ယောက်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊မြန်မာ- အိန္ဒိယနှစ်နိုင်ငံနယ်စပ် သံတံတားဂိတ်မှာ ဇွန်လ(၁၁)ရက်၊ နေ့လယ်ပိုင်းက လွှဲပြောင်းလက်ခံခဲ့တယ်လို့ တမူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အင်ဖာအကျဥ်းထောင်မှာ ထိန်းသိမ်းခံခဲ့ရပြီး လွတ်မြောက်လာတဲ့ မြန်မာနိုင်ငံသား၃၈ယောက်ကို အိန္ဒိယနိုင်ငံတာဝန်ရှိသူတွေကလွှဲပြောင်းခဲ့ရာမှာ မြန်မာနိုင်ငံတာဝန်ရှိသူတွေက နှစ်နိုင်ငံလွှဲပြောင်းလက်ခံရေး ဥပဒေမူဝါဒတွေအညီ လွှဲပြောင်းလက်ခံခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံမှလွှဲပြောင်းလက်ခံရရှိတဲ့ မြန်မာနိုင်ငံသားတွေကို တမူးမြို့ မီးကွင်းဘုန်းတော်တော်ကြီး ကျောင်းမှာ ယာယီနေရာချထားပေးခဲ့ပြီး ကျန်းမာရေးစစ်ဆေးပေးတာ၊ အစားအသောက်နဲ့လိုအပ်တာတွေကို ဌာနဆိုင်ရာတွေကကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။