နစက အဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်နဲ့ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေအပါအဝင် ၉ ယောက်ကို ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်တဲ့ စည်သူဘွဲ့ ချီးမြှင့်အပ်နှင်းလိုက် တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မတ်လ ၂ ရက်မှာ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပါတယ်။

စည်သူဘွဲ့ ချီးမြှင့်အပ်နှင်းခံရသူတွေထဲမှာတော့ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် (ငြိမ်း)ဦးအောင်သောင်း၊ အဖွဲ့ဝင်(ငြိမ်း)တွေ ဖြစ်ကြတဲ့ ဦးခင်မောင်စိုး၊ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း(ငြိမ်း)၊ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌ(ငြိမ်း)တွေ ဖြစ်တဲ့ ဦးအောင်မင်းနဲ့ ဦးသိန်းဇော်၊ ငြိမ်းချမ်းရေးကော်မရှင်ရဲ့အတွင်းရေးမှူး(ငြိမ်း)ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီရဲ့ အဖွဲ့ဝင်(ငြိမ်း) ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး(ငြိမ်း)တို့ကိုလည်း ချီးမြှင့် အပ်နှင်းခဲ့တယ်လို့ အမိန့်ကြော်ငြာစာအရ သိရပါတယ်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းနယ်ပယ် အလိုက် ထူးချွန်ပြောင်မြောက်စွာ ကြိုးပမ်းဆောင်ရွက်ခဲ့ တဲ့အတွက် အခုလို စည်သူဘွဲ့ချီးမြှင့်အပ်နှင်းခဲ့တာလို့ အမိန့်ကြော်ငြာစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် သာသနာတော်သုံးရပ် တိုးတက်စည်ပင်ထွန်းကားပြန့်ပွားစေဖို့အလို့ငှာ သာသနာတော်မှာ ပစ္စည်းလေးပါး တို့နဲ့ စွမ်းစွမ်းတမံ ထောက်ပံ့လှူဒါန်းခဲ့သူလေးယောက်ကိုလည်း သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်ဖြစ်တဲ့ သီရိသု ဓမ္မသိင်္ဂီဘွဲ့တံဆိပ်ကို ချီးမြှင့်အပ်နှင်းခဲ့တယ်လို့ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပါတယ်။