မြန်မာနိုင်ငံရဲ့ အလုပ်ခွင်တွေမှာ အလုပ်သမား ပါဝင်မှုနှုန်း လျော့ကျတာ တွေ့ရတယ်လို ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင်က ပြောပါတယ်။ဇူလိုင် ၂၇ ရက်၊ မနက်ပိုင်းက ရန်ကုန်မြို ၊ဆီဒိုးနားဟိုတယ်မှာ ကျင်းပ ပြုလုပ်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ရဲ့ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ အလုပ်သမား ပါဝင်မှု နှုန်းဟာ ရာခိုင်နှုန်း ၆၀ ကျော်ပဲ ရှိတဲ့အတွက် အာဆီယံနိုင်ငံတွေနဲ့ ယှဉ်ရင် အလုပ်သမား ပါဝင်မှု လျော့ကျတာကို တွေ့ရတယ်လို ဒေါက်တာ သက်သက်ခိုင်က ပြောပါတယ်။အဲဒါကြောင့် အလုပ်အကိုင် အခွင့်အလမ်းကို ဦးစားပေး ဖော်ဆောင်ဖို လိုပြီး စီးပွားရေး တိုးတက်အောင် လုပ်ဖို လိုတယ်လို ဆိုပါတယ်။PPP ပါတီအနေနဲ့ အလုပ်လုပ်နိုင်သူတိုင်ူ အလုပ်လုပ်နိုင်ဖို ကုန်ထုတ်စွမ်းအားတိုးမြှင့်ဖို ထိုက်သင့်တဲ့ လစာ ရရှိဖို လုပ်သားထု နောင်ရေး အာမခံချက်ရရှိဖို မူဝါဒချမှတ်ပြီး ဆောင်ရွက်နေတယ်လို ဒေါက်တာ သက်သက်ခိုင်က ပြောပါတယ်။

ဒါ့အပြင် PPP ပါတီအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်း တိုးအောင်လုပ်ဖို လုပ်ခလစာ တိုးအောင်လုပ်ဖို ထိုက်သင့်တဲ့ အချိန်ပို ခံစားခွင့် ရဖို အလုပ်လက်မဲ့ ခံစားခွင့်ရဖို လုပ်ငန်းခွင် အေးချမ်းသာယာဖို ရွှေ့ပြောင်းလုပ်သားတွေရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်လို မဟာဗျူဟာချပြီး လုပ်ဆောင်သွားမယ်လိုလည်း ပြောကြားခဲ့ပါတယ်။ပါတီသတင်းစာရှင်းလင်းပွဲကိုတော့ ပါတီဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင် ၊ဒုတိယဥက္ကဋ္ဌ ၂ ဦးစောဟန်အေး ၊ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲဝင်တွေ နဲ့ ပါတီဝင်တွေ တက်ရောက်ပါတယ်။