ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးမှာ ဇူလိုင်(၂၆)ရက် မနက်အစောပိုင်းက ယာဉ်တစ်စီးဟာ Guard Rail တန်းကို တိုက်မိပြီး အဲဒီဖြစ်စဉ်မှာ လူ(၂)ယောက်သေဆုံးကာ (၁)ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။
ဖြစ်စဉ်မှာ ဇူလိုင်လ(၂၆)ရက် မနက်(၆)နာရီ မိနစ်(၂၀)အချိန်လောက်က ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၇၁ အနီးမှာ Honda Fit အမျိုးအစားယာဉ်က Guard Rail တန်းကို တိုက်မိပြီး ယာဉ်မတော်တဆ မှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
အခင်းဖြစ်နေရာကို သာဂရအမြန်လမ်းမီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွေဟာ မီးငြှိမ်းသတ်ယာဉ်(၁)စီးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် ယာဉ်ပေါ်အမျိုးသား(၃)ယောက်ထဲက(၂)ယောက်သေဆုံးခဲ့ပြီး ကျန်(၁)ယောက်ကတော့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ တယ်လို့ ဆိုပါတယ်။
သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆွာနာရေးလူမှုကူညီရေးအသင်းပိုင် သူနာတင် ယာဉ်နဲ့ နေပြည်တော်ခုတင်(၁၀၀၀)ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။