ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၁၇ အနီးမှာ ဇွန်လ ၁၆ ရက် ညနေပိုင်းက ယာဉ်တိမ်းမှောက် မှုဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်စဉ်ကြောင့် လူ ၁၆ ယောက် ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ ကနေ သိရပါတယ်၊၊
မန္တလေးဘက်ကနေ နေပြည်တော်ဘက်ကို မောင်းနှင်းလာတဲ့မော်တော်ယာဉ်ဟာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၁၇ အနီးအရောက်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျ တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်၊၊

အခင်းဖြစ်ပွားရာနေရာကို ပြင်စည်အမြန်လမ်းမီးသတ်စခန်းက တပ်ဖွဲ့ဝင်တွေနဲ့ ပြင်စည် အမြန်လမ်းရဲစခန်းက တပ်ဖွဲ့ဝင်တွေကကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့ပါတယ်၊၊
ဒီယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ လူ ၂၈ ယောက်ထဲက ယာဉ်မောင်းအပါအဝင် လူ ၁၆ ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး သူတို့ကို မတ္ထီလာပြည်သူဆေးရုံကြီးကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။