သီလရှင်အပါး ၅၈၀ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို မကွေးမြို့ စက်မှုလက်မှုနှင့်လုပ်ငန်းရှင်များအသင်းက ဦးစီးပြီး ဖေဖော်ဝါရီ ၅ ရက် နေ့လယ်ပိုင်းက ကျင်းပခဲ့ပါတယ်။ ဆွမ်းဆန်စိမ်းလောင်းလှူရာမှာ ဆွမ်း၊ ဆန်၊ ဆီ၊ဆား၊ ပဲ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ ဝတ္ထုငွေ စတဲ့ လှူဖွယ်ပစ္စည်း ၁၃ မျိုးကို လှူဒါန်းခဲ့တာပါ။

မြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးက သီလရှင်ဆရာလေးတွေကို လှူဒါန်းတာဟာ ၅ ကြိမ်မြောက်ဖြစ်ပြီး အခုနှစ်မှာ စုစုပေါင်း သိန်း ၃၀၀ ဖိုးနီးပါး လှူဒါန်းနိုင်ခဲ့တယ်လို့ မကွေးမြို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးဖိုးနီက ပြောပါတယ်။ဆွမ်းဆန်စိမ်းလောင်းလှူပွဲမှာ ကုန်သည်နှင့်စက်မှုလက်မှုလုပ်ငန်းရှင်အသင်းသားတွေအပြင် မြို့ပေါ်က လုပ်ငန်း ရှင်တွေနဲ့ အိမ်ခြံမြေဝန်ဆောင်မှုအသင်းတွေ စုပေါင်းပြီး ဆွမ်းဆန်စိမ်းလောင်းလှူတာအပြင် စာရေးတံမဲကိုလည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။