ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ဆန်ဂိုထောင်တစ်ခုအတွင်းမှာ စက်တင်ဘာလ ၂ ရက် မနက်ပိုင်းက ဆန်အိတ်ပုံပြိုကျမှုဖြစ်ပွားခဲ့ပြီး အဲ့ဒီဖြစ်စဉ်ကြောင့် အလုပ်သမားတစ်ယောက်သေဆုံးခဲ့တယ်လို့ ကရုဏာ တွဲလက်လူမှုကူညီရေး ပရဟိတအသင်း (လှိုင်သာယာ)ကနေ သိရပါတယ်။
ဖြစ်စဉ်ကတော့ လှိုင်သာယာမြို့နယ်၊ ၂၂ ရပ်ကွက်၊ ဆေးရုံ ၄ လမ်းရှိ ဆန်ဂိုထောင်တစ်ခုမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အသက် (၂၈) နှစ်အရွယ် အမျိုးသား တစ်ယောက် သေဆုံးခဲ့ပြီး အမျိုးသား တစ်ယောက် ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဆန်အိတ် တစ်ထောင်လောက်ကို ကားပေါ်ကနေ ချပြီး ပုံထားရာမှာ ပုံထားတဲ့ ဆန်အိတ်ကမြင့်လာပြီး ပြိုကျ လာတာဖြစ်တယ်လို့လည်း ကရုဏာတွဲလက်လူမှုကူညီရေးပရဟိတအသင်း တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်၊၊
သေဆုံး ရုပ်အလောင်းနဲ့ ထိခိုက်ဒဏ်ရာရရှိသူကို ကရုဏာတွဲလက်လူမှုကူညီရေးအသင်းက လူနာတင်ယာဉ် နဲ့ လှိုင်သာယာ ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်၊၊