ပြည်ပနိုင်ငံတွေကို စေလွှတ်ခဲ့တဲ့ အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ပေးပို့လာခြင်းမရှိတဲ့ အေဂျင်စီတွေကို ဒဏ်ကြေးစတင်ကောက်ခံတော့မှာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်၊၊
ပြီးခဲ့တဲ့နှစ် ဧပြီလကနေ ဒီဇင်ဘာလအထိ စေလွှတ်ခဲ့တဲ့ အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက် အလက် ပေးပို့လာခြင်းမရှိတဲ့ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီပေါင်း ၂၀၇ ခုအထိ ရှိနေတယ်လို့ ဆိုပါတယ်၊၊
အဲဒါကြောင့် ဇူလိုင်လ ၂၆ ရက်မတိုင်မီ ပေးပို့လာတာ မရှိတဲ့ အေဂျင်စီတွေကိုတော့ စေလွှတ်ရေးလုပ်ငန်းတွေကို စတင်ဆိုင်းငံ့ပြီး ဒဏ်ကြေးကောက်ခံတာတွေ စတင် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရ ပါတယ်။

လက်ရှိမှာ ပြည်ပကို အလုပ်သမားစေလွှတ်ခွင့် အကျိုးဆောင်လိုင်စင်ရယူထားတဲ့ အေဂျင်စီ ၅၇၀ နီးပါး ရှိတာကြောင့် စာရင်းမပေးပို့နိုင်တဲ့ အေဂျင်စီအရေအတွက် ၇၀ ရာခိုင်နှုန်းလောက်ရှိနေတယ်လို့လည်း သိရပါတယ်၊၊
ဒါ့အပြင် အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ပြည်ပရောက်အလုပ်သမားတွေရဲ့ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို မိသားစု ဆီ လွှဲပို့ဖို့နဲ့ လစာရဲ့ ၂ ရာခိုင်နှုန်းကို အခွန်ပေးဆောင်ဖို့ အသိပေးထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။